Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း (အညာ) ဈေးမြင့်လာ

Last Updated:

ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း ဝင်ရောက်မှုနည်းနေပြီး  အရောင်းအဝယ်သွက်နေကြောင်းသိရသည်။ ရန်ကုန်နှင့် တရုတ်ဝယ်လက် ဝယ်ယူမှုရှိသောကြောင့် ပဲတီစိမ်း(ညာ) သုံးတင်းတစ်အိတ် လျှင် ကျပ် ၁၂၀၀၀ မှ ၂၅၀၀၀ ထိမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ 

ပဲတီစိမ်း (အညာ)   ၅၆.၂၅ ပိသာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ်  ၁၅၀၀၀၀ မှ ၁၆၅၀၀၀ ၊ယခင်တစ်ပတ်ကျပ် ၁၂၅၀၀၀ မှ ၁၅၀၀၀၀ ၊ ယခင်လကျပ် ၁၅၀၀၀၀ မှ ၁၅၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ၂၅၀၀၀ ၊ယခင်လထက်ကျပ် ၁၂၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း (ခွဲပဲ)   ၅၆.၂၅ ပိသာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ်  ၁၁၅၀၀၀ မှ ၁၂၆၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၁၁၅၀၀၀ မှ ၁၂၆၀၀၀ ၊ ယခင်လကျပ် ၁၅၃၀၀၀ မှ ၁၅၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ယခင်လထက်ကျပ် ၃၂၀၀၀ မှ ၃၈၀၀၀ နိမ့်ကျလာသည်။

Category: Local News