Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆံ အဝင်နည်း၊ အရောင်းသွက်

Last Updated:

ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မြေပဲဆံဝင်ရောက်မှုနည်းလာပြီး မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိကြောင်း၊ ကျွန်းတွင်စိုက်ပျိုးမည့် တောင်သူများမှ မျိုးမြေပဲများဝယ်ယူနေပြီး၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူနေသောကြောင့် မြေပဲဆံ တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက် ကျပ်  ၂၀၀ မှ ၁၀၀၀ ထိမြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ်၆၄၀၀ မှ ၆၅၀၀၊ ယခင်တစ်ပတ်ကျပ်၅၅၀၀ မှ ၅၈၀၀၊ ယခင်လကျပ်၅၅၀၀ မှ ၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၆၀၀ မှ ၁၀၀၀၊ ယခင်လထက်ကျပ် ၄၀၀ မှ ၁၀၀၀ မြင့်တက်လာသည်။

မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၅၈၀၀မှ၆၃၀၀၊ ယခင်တစ်ပတ်ကျပ်၅၆၀၀မှ၆၀၀၀၊ ယခင်လကျပ်၅၈၀၀မှ၆၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀မှ၃၀၀၊ယခင်လထက်ကျပ်၃၀၀ မြင့်တက်လာသည်။

S1ဆီဆန်တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၅၃၀၀ မှ ၅၅၀၀၊ ယခင်တစ်ပတ်ကျပ် ၅၂၀၀ မှ ၅၃၀၀၊ ယခင်လကျပ် ၅၄၀၀မှ ၅၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀ မှ ၂၀၀ ယခင်လထက်ကျပ် ၁၀၀မြင့်တက်လာသည်။

Category: Local News