Local News

မန္တလေးကုန်စည်ဒိုင်တွင်နှမ်းမျိုးစုံဈေးနှုန်းမြင့်တက်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့သြဂုတ်လဒုတိယပတ်အတွင်းနှမ်းမျိုးစုံဈေးကွက်ထဲဝင်ရောက်နေပြီးဈေးကောင်းရရှိနေပါတယ်။ဈေးကွက်ထဲကိုအသစ်တွေအဝင်ရှိနေပြီးအဝယ်သွက်နေကြောင်း၊နှမ်းဖြူ(ဂျပန်)မှာအမြင့်ဆုံးဈေးသို့ရောက်ရှိနေပြီးတရုတ်နှင့်ဂျပန်မှအဓိကထားဝယ်ယူနေကြောင်း၊နှမ်းမျိုးစုံဈေးမှာလည်းပြည်ပဝယ်လိုအားရှိသည့်အတွက်မြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိ ရသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၂၀၀၀၀မှ၄၄၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၉၅၀၀၀မှ၄၀၅၀၀၀၊ယခင်လကျပ်၃၆၀၀၀၀မှ၃၆၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၅၀၀၀မှ၃၅၀၀၀၊ယခင်လထက်ကျပ်၆၀၀၀၀မှ၇၅၀၀၀မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၆၀၀၀၀မှ၃၉၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၆၀၀၀၀မ၃၇၅၀၀၀၊ယခင်လကျပ်၃၃၇၀၀၀မှ၃၄၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀၊ယခင်လထက်ကျပ် ၂၃၀၀၀ မှ ၄၅၀၀၀ မြင့်တက်လာသည်။

နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၂၅၀၀၀မှ၃၃၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၀၅၀၀၀မှ၃၁၀၀၀၀၊ယခင်လကျပ်၂၆၅၀၀၀မှ၂၇၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀၊ယခင်လထက်ကျပ်၆၀၀၀၀  မြင့်တက်လာသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၅၀၀၀၀မှ၃၈၅၀၀၀၊ယခင်တစ်ပတ်ကျပ်၃၀၀၀၀၀မှ၃၈၀၀၀၀၊ယခင်လကျပ်၃၀၀၀၀၀မှ၃၃၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ၅၀၀၀၀၊ယခင်လထက် ၅၀၀၀၀ မှ ၅၅၀၀၀ မြင့်တက်လာသည်။

           

Category: Local News