Local News

မုံရွာကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

 ဩဂုတ်လ တတိယအပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံ များထဲမှ ဂျုံ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲကြီး၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပုဂံပဲ၊ မြေထောက်ပဲ၊ ပဲယင်းဝါ၊ CP ပြောင်းနှင့် ကုလားပဲ (မျိုးစုံ) ဈေးနှုန်းများ မြင့်တက်လာပြီး ပဲတီစိမ်းကြီး၊ ပုဂံပဲ၊ မြေထောက်ပဲများသာ ဈေးငြိမ်လျှက်ရှိကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၅၀၀၀) ကျပ်၊ ဂျုံထွက်တိုး(၅၇၅၀၀)ကျပ်၊ ပဲကြီး (၁၀၁၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၀၆၅၀၀)ကျပ်၊ မတ်ပဲ (၇၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၅၀၀မှ၅၅၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀-၅၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၃၀၀၀) ကျပ်၊ ပုဂံပဲ (၈၈၀၀၀)ကျပ်၊ မြေထောက်ပဲ (၉၈၀၀၀-၁၀၅၀၀၀)၊ ပဲယင်းဝါ(၅၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၅၀၀) ကျပ်၊ ကုလားပဲ (မျိုးစုံ) ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ကုဖြူလုံးကြီး (၈၈၈၀၀)ကျပ်၊ ကုဖြူလုံးသေး (၈၈၈၀၀) ကျပ်၊ 929 (၈၈၃၀၀)ကျပ်၊ ထိုင်ဝမ် (၈၇၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရပါသည်။ ယခင်အပတ် ကာလတူအချိန် တစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၂၀၀၀) ကျပ်၊ ဂျုံထွက်တိုး(၅၅၀၀၀)ကျပ်၊ ပဲကြီး (၉၉၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၀၂၀၀)ကျပ်၊ မတ်ပဲ (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၅၀၀မှ၅၅၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံး ရိုးရိုး (၅၀၀၀၀-၅၁၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၂၀၀၀) ကျပ်၊ ပုဂံပဲ (၈၈၀၀၀)ကျပ်၊ မြေထောက်ပဲ (၉၈၀၀၀-၁၀၅၀၀၀)၊ ပဲယင်းဝါ(၅၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၂၀၀) ကျပ်၊ ကုလားပဲ (မျိုးစုံ) ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ကုဖြူလုံးကြီး (၈၇၀၀၀)ကျပ်၊ ကုဖြူလုံးသေး (၈၇၀၀၀) ကျပ်၊ 929 (၈၇၀၀၀)ကျပ်၊ ထိုင်ဝမ် (၈၅၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး၊ပုဂံပဲ၊ မြေထောက်ပဲ ပေါက်နှုန်းများမှာ ဈေးငြိမ်၍ ကျန်ပဲများ အားလုံး ဈေးမြင့်တက်လာကြောင်းသိရသည်။

MT-Monywa

Category: Local News