Local News

မန္တလေးကုန်စည်ဒိုင် ၏ ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

အောက်တိုဘာလတတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ပို့ကုန်ပဲများလက်ကျန်နည်းလာပြီး၊အမြင့်ဈေးဖြင့်ဈေးငြိမ်နေကြောင်းသိရသည်။

မတ်ပဲမှာလက်ကျန်နည်းကာဈေးကွက်ထဲအဝင်နည်းပေမဲ့ပြည်ပအဝယ်လိုက်လာသောကြောင့်ဈေးနှုန်းမြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ် ၂၅၇၀၀၀မှ၂၅၈၀၀၀၊ယခင်တစ်ပတ်ကျပ်၂၅၂၀၀၀မှ၂၅၅၀၀၀၊ယခင်လကျပ်၂၃၅၀၀၀မှ၂၄၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀၀မှ၅၀၀၀၊ယခင်လထက်ကျပ်၁၃၀၀၀မှ၂၂၀၀၀မြင့်တက်လာသည်။

ပဲတီစိမ်း(အညာ)မှာယခုတစ်ပတ်ဈေးအနည်းငယ်အေးနေပြီး၊အရည်အသွေးနှင့်အစိုဓာတ်အပေါ်မူတည်၍ရောင်းဝယ် နေကြခြင်းကြောင့်ဈေးအပြောင်းအလဲဖြစ်နေတာမို့အများကြီးကျဆင်းတာမျိုးမဟုတ်ပဲပုံမှန်ပေါက်ဈေး ထက်အနည်းငယ်ကျခြင်းဖြစ်ကြောင်း၊ပြည်ပတင်ပို့မှုရှိကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ပဲတီစိမ်း(အညာ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၅၅၀၀၀မှ၁၇၂၀၀၀၊ယခင်တစ်ပတ်ကျပ်၁၅၅၀၀၀မှ၁၇၃၀၀၀၊ယခင်လကျပ်၁၆၀၀၀၀မှ၁၇၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၊ယခင်လထက်ကျပ်၃၀၀၀မှ၅၀၀၀နိမ့်ကျလာသည်။

ပဲစင်းငုံ(နီ)ကတော့ပြည်တွင်းလက်ကျန်နည်းလာသောကြောင့်အရောင်းအဝယ်အေးပြီးဈေးကျဆင်းလာကြောင်းသိရသည်။ပဲစင်းငုံ(နီ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၈၀၀၀၀မှ၊ယခင်တစ်ပတ်ကျပ်၃၉၀၀၀၀၊ယခင်လကျပ်၃၇၅၀၀၀မှ၃၈၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀နိမ့်ကျလာပြီး၊ယခင်လထက်ကျပ်၅၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News