Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးနှုန်းများ မျိုးသမားများဝယ်ယူမှုရှိ၍ ဈေးမြင့်တက်လာ

Last Updated:

အောက်တိုဘာလတတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာကုလားပဲမှာယခင်တစ်ပတ်ထက်ဈေးမြင့်လာသည်။လက်ကျန်နည်းလာ၍လှောင်လက်ကုန်သည်အရောင်းသမားများ ထုတ်ရောင်းသလောက်သာစောင့်ဝယ်ယူနေရသည့်အခြေနေဖြစ်ခြင်း၊ပဲခွဲစက်များမှပုံမှန်ဝယ်ယူမှုရှိခြင်း၊မျိုးသမားများဝယ်ယူမှုရှိခြင်းတို့ကြောင့်ဈေးအနည်းငယ်မြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ကုလားပဲဖြူလုံးကြီး(V-2)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၆၇၀၀၀မှ၂၆၈၀၀၀၊ယခင်တစ်ပတ်ကျပ်၂၆၅၀၀၀၊ယခင်လကျပ်၂၆၆၀၀၀မှ၂၆၇၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ၃၀၀၀၊ယခင်လထက် ကျပ်၁၀၀၀မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး(V-7)၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၇၇၀၀၀၊ယခင်တစ်ပတ်ကျပ်၂၇၃၀၀၀မှ၂၇၅၀၀၀၊ယခင်လကျပ်၂၈၂၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ၄၀၀၀မြင့်တက်လာပြီး၊ ယခင်လထက်ကျပ်၅၀၀၀ နိမ့်ကျလာသည်။   

ကုလားပဲ(ထိုင်ဝမ်)၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၅၇၀၀၀မှ၂၅၈၀၀၀၊ယခင်တစ်ပတ်ကျပ်၂၅၇၀၀၀မှ၂၅၈၀၀၀၊ယခင်လကျပ်၂၅၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လကျပ်၂၀၀၀မှ ၃၀၀၀မြင့်တက်လာသည်။

ကုလားပဲ(929)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၆၄၀၀၀မှ၂၆၅၀၀၀၊ယခင်တစ်ပတ်ကျပ်၂၆၃၀၀၀၊ယခင်လကျပ်၂၆၆၀၀၀မှ၂၆၇၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀မှ၂၀၀၀မြင့်တက်လာပြီး ၊ ယခင်လထက်ကျပ်၂၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News