Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် တရုတ်အဝယ်လိုက်၍ နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

Last Updated:

ဇန်နဝါရီလတတိယပတ်မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်တရုတ်ဝယ်လက်မှအဝယ်သွက်လာသောကြောင့် နှမ်းမျိုးစုံဈေးကောင်းရနေပြီးဈေးမြင့်လာသည်။နှမ်း၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခင်တစ်ပတ်ထက်ကျပ် အနိမ့်ဆုံးကျပ်၅၀၀၀မှ၄၅၀၀၀ထိမြင့်တက်လာကြောင်းမန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၀၀၀၀၀မှ၃၅၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၇၅၀၀၀မှ၃၃၅၀၀၀၊ယခင်လကျပ်၃၆၅၀၀၀မှ၃၂၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀မှ၂၅၀၀၀၊ ယခင်လထက်၃၀၀၀၀ မှ၃၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၀၀၀၀၀မှ၃၅၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၆၅၀၀၀မှ၃၄၅၀၀၀၊ယခင်လကျပ်၃၃၅၀၀၀မှ၃၀၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ၃၅၀၀၀၊ ယခင်လထက်ကျပ်၅၀၀၀၀မှ၆၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၁၀၀၀၀မှ၄၀၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၉၀၀၀၀မှ၃၈၅၀၀၀၊ယခင်လကျပ်၃၆၅၀၀၀မှ၃၆၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀မှ၂၀၀၀၀၊ ယခင်လထက်ကျပ်၄၀၀၀၀မှ၄၅၀၀၀ မြင့်တက် လာသည်။

နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၁၅၀၀၀မှ၃၁၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၉၅၀၀၀မှ၂၈၅၀၀၀၊ယခင်လကျပ်၃၇၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀မှ၂၅၀၀၀မြင့်တက်လာပြီး၊ယခင်လထက်ကျပ်၆၀၀၀၀မှ၆၅၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News