Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲလွန်းဖြူနှင့် ပဲလွန်းပြာများ ပြည်ပအဝယ်လိုက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ဇန်နဝါရီလတတိယပတ်အတွင်း မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊  စစ်ကိုင်း နယ်များမှ ပဲလွန်းဖြူနှင့် ပဲလွန်းပြာမျာ ဝင်ရောက်လျှက်ရှိပြီး အရောင်းအဝယ် သွက်နေကြောင်း၊ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်းတင်ပို့မှုရှိနေသောကြောင့်ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ပဲလွန်းဖြူ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၉၅၀၀၀မှ၂၀၀၀၀၀၊ယခင်တစ်ပတ် ကျပ်၁၈၅၀၀၀မှ၁၉၅၀၀၀၊ယခင်လကျပ်၁၇၀၀၀၀မှ၁၇၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ ၁၀၀၀၀၊ယခင်လထက်ကျပ်၂၅၀၀၀ မြင့်တက်လာသည်။

ပဲလွန်းပြာ၅၄.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၀၅၀၀၀၊ယခင်တစ်ပတ်ကျပ် ၂၀၀၀၀၀၊ယခင်လကျပ်၁၉၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀၊ယခင်လထက်ကျပ်၁၅၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News