Local News

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံဈေးကွက် ဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့စက်တင်ဘာလနောက်ဆုံးပတ်အတွင်းနှမ်းမျိုးစုံဈေးကွက်ထဲဝင်ရောက်နေပြီးဈေးအေးနေ ကြောင်းသိရသည်။ဈေးကွက်ထဲကိုနှမ်းအသစ်တွေအဝင်ရှိနေပြီးအရည်အသွေးနှင့်ဝယ်လိုအားပေါ်မူတည်၍စျေး အတက်အကျဖြစ်ပေါ်လျှက်ရှိကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၄၀၀၀၀မှ၃၆၅၀၀၀၊ယခင်တစ်ပတ်ကျပ် ၃၄၀၀၀၀မှ၃၆၅၀၀၀၊ယခင်လကျပ်၃၈၅၀၀၀မှ၄၀၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက် ကျပ်၃၅၀၀၀မှ၄၅၀၀၀နိမ့်ကျလာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၄၀၀၀၀မှ၃၆၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၈၀၀၀၀မှ၃၈၅၀၀၀၊ယခင်လကျပ်၄၂၀၀၀၀မှ၄၃၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၅၀၀၀မှ၄၀၀၀၀၊ယခင်လထက်ကျပ် ၇၀၀၀၀မှ၈၀၀၀၀နိမ့်လာသည်။

နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၉၀၀၀၀မှ၂၉၅၀၀၀၊ယခင်တစ်ပတ်ကျပ်၃၀၀၀၀၀၊ယခင်လကျပ်၃၀၅၀၀၀မှ၃၁၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ၁၀၀၀၀၊ယခင်လထက်ကျပ် ၁၅၀၀၀မှ၂၀၀၀၀ နိမ့်ကျလာသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၈၀၀၀၀မှ၃၄၀၀၀၀၊ယခင်တစ်ပတ်ကျပ် ၂၈၀၀၀၀မှ၃၄၀၀၀၀၊ယခင်လကျပ်၃၄၀၀၀၀မှ၃၇၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက်၃၀၀၀၀မှ ၆၀၀၀၀နိမ့်ကျလာသည်။

  မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News