Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများအရောင်းအဝယ်ကောင်းမွန်ပြီးဈေးမြင့်လာ

Last Updated:

စက်တင်ဘာလနောက်ဆုံးပတ်မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ယခင်တစ်ပတ်ဈေးအေးသွားတဲ့ပို့ကုန်ပဲများအရောင်းအဝယ်ကောင်းမွန်ပြီးဈေးပြန်မြင့်လာသည်။ပို့ကုန်ပဲများလက်ကျန်နည်းကာဈေးကွက်ထဲအဝင်နည်းပေမဲ့ပြည်ပအဝယ် ကောင်းမွန်လာသောကြောင့်ဈေးနှုန်းမြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၄၅၀၀၀မှ၂၄၈၀၀၀၊ယခင်တစ်ပတ်ကျပ်၂၃၅၀၀၀မှ၂၄၅၀၀၀၊ယခင်လကျပ်၂၃၀၀၀၀မှ၂၃၂၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀၀မှ၁၀၀၀၀၊ယခင်လထက်ကျပ် ၁၅၀၀၀မှ၁၆၀၀၀မြင့်တက်လာသည်။

ပဲစင်းငုံ(နီ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၉၅၀၀၀မှ၄၀၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၈၀၀၀၀မှ၃၈၅၀၀၀၊ယခင်လကျပ်၃၃၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀၊ယခင်လထက်ကျပ်၆၅၀၀၀မှ၇၀၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း(ညာ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၆၂၀၀၀မှ၁၇၃၀၀၀၊ယခင်တစ်ပတ်ကျပ်၁၅၅၀၀၀မှ၁၇၃၀၀၀၊ယခင်လကျပ်၁၄၅၀၀၀မှ၁၆၆၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀၊ယခင်လထက်ကျပ် ၇၀၀၀မှ၁၇၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News