Local News

မန္တလေးကုန်စည်ဒိုင်၏ကုလားပဲဈေးနှုန်းမြင့်တက်လာ

Last Updated:

ဩဂုတ်လတတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာကုလားပဲမှာဆက်တိုက်ဈေးမြင့်တက်လျှက်ရှိသည်။လက်ကျန်နည်းလာ၍လှောင်လက်ကုန်သည်အရောင်းသမားများ   ထုတ်ရောင်းသလောက်သာစောင့်ဝယ်ယူနေရသည့်အခြေနေဖြစ်ခြင်း၊ပဲခွဲစက်များမှပုံမှန်ဝယ်ယူမှုရှိခြင်း၊ပို့ကုန်ပဲများဈေးမြင့်လာခြင်းနှင့်အတူပြည်တွင်းသုံးကုလားပဲများလည်းလိုက်ပါဈေးမြင့်လာခြင်းတို့ကြောင့် ယခင်ကမရဘူးသောဈေးများသို့ရောက်ရှိနေပြီးဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ကုလားပဲဖြူလုံးကြီး(V-2)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၇၀၀၀၀မှ၂၇၃၀၀၀၊ယခင်တစ်ပတ်ကျပ်၂၆၃၀၀၀မှ၂၆၄၀၀၀၊ယခင်လကျပ်၂၅၂၀၀၀မှ၂၆၃၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀မှ၉၀၀၀၊ ယခင်လထက်ကျပ်၂၀၀၀၀မှ၂၁၀၀၀မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး(V-7)၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၈၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၆၇၀၀၀မှ၂၆၈၀၀၀၊ယခင်လကျပ်၂၅၂၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၂၀၀၀မှ၁၃၀၀၀၊ယခင်လထက်ကျပ် ၂၈၀၀၀မြင့်တက်လာသည်။   

ကုလားပဲ(ထိုင်ဝမ်)၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၆၅၀၀၀မှ၂၆၈၀၀၀၊ယခင်တစ်ပတ်ကျပ်၂၅၆၀၀၀မှ၂၅၇၀၀၀၊ယခင်လကျပ်၂၄၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၉၀၀၀မှ၁၁၀၀၀၊ယခင်လကျပ် ၂၀၀၀၀မှ၂၃၀၀ မြင့်တက်လာသည်။

ကုလားပဲ(929)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၇၀၀၀၀မှ၂၇၃၀၀၀၊ယခင်တစ်ပတ်ကျပ်၂၆၃၀၀၀မှ၂၆၄၀၀၀၊ယခင်လကျပ်၂၅၀၀၀၀မှ၂၅၁၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀မှ၉၀၀၀၊ယခင်လထက် ကျပ်၂၀၀၀၀မှ၂၂၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News