Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ် မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ကြိမ်၊ ပဲတီစိမ်းနှင့် ပြောင်းများတင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၆၁၈၅၉၄.၄၇၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်မှ ၁၁ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၁၀၃၇၁၅၆.၀၁၀ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၄၁၈၅၆၁.၅၄၀ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း လယ်ထွန်စက်များ၊ ချည်ထည်များ၊ ဓါတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်း များ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်၊ သံပိုက်နှင့် မြက်ခင်းတု များတင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၉၃၂၆၃၅.၂၀၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်မှ ၁၁ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၉၀၈၀၉၂.၂၆၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်း ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၂၄၅၄၂.၉၄၀ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၃၁၄၀၄၀.၂၀၀ ကန်ဒေါ်လာတန်ဖိုးလျော့နည်း၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါ သည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၄၈၀ ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News