Local News

မန္တလေးကုန်စည်ဒိုင်ပြောင်းဖူးစေ့ဈေးနှုန်းမြင့်တက်လာ

Last Updated:

ဩဂုတ်လတတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ရှမ်းပြည်နယ်ဘက်မှပြောင်းဖူးစေ့များဝင်ရောက် လျှက်ရှိနေသည်။တရုတ်ဝယ်လက်မှဝယ်ယူမှုရှိခြင်း၊ပြည်တွင်းတိရစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူမှုရှိနေခြင်းတို့ကြောင့်၊ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့(ရှမ်း)၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၆၂၀၀၀မှ၆၃၀၀၀၊ယခင်တစ်ပတ် ကျပ်၆၁၀၀၀မှ၆၁၅၀၀၊ယခင်လကျပ်၅၈၀၀၀မှ၅၈၅၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀မှ၁၅၀၀မြင့်တက်လာပြီး၊ ယခင်လထက်ကျပ်၄၀၀၀မှ၄၅၀၀ မြင့်တက်လာသည်။

စီပီပြောင်း၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၆၂၀၀၀မှ၆၃၀၀၀၊ယခင်တစ်ပတ်ကျပ် ၆၀၀၀၀မှ၆၁၀၀၀၊ယခင်လကျပ်၅၈၀၀၀မှ၅၈၅၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၊ယခင်လထက်ကျပ်၄၀၀၀မှ၄၅၀၀ မြင့်တက်လာသည်။

ဗမာပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၆၀၀၀၀မှ၆၁၀၀၀၊ယခင်တစ်ပတ်ကျပ်၅၉၀၀၀မှ၆၀၀၀၀၊ယခင်လကျပ်၅၆၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၊ယခင်လထက်ကျပ်၄၀၀၀မှ၅၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News