Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၄-၈-၂၀၂၃ မှ ၁၈-၈-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2023 Crop)ကျပ် ၂၃၇၁၀၀၀၊ မတ်ပဲ SQ/RC (2023 Crop)ကျပ် ၂၅၆၁၀၀၀နှင့် ပဲစင်းငုံ Red/RC (2023 Crop)ကျပ် ၃၃၂၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2023 Crop)ကျပ် ၁၁၄၀၀၀ ဈေးမြင့်တက်ခဲ့ပြီး မတ်ပဲ SQ/RC (2023 Crop)ကျပ် ၁၀၉၀၀၀နှင့် ပဲစင်းငုံ Red/RC (2023 Crop)ကျပ် ၃၂၅၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၁၀၅ လုံး (တန်ချိန် ၂၅၂၀)နှင့် မတ်ပဲ SQ/RC (2023 Crop) ကိန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ယခုအပတ်တွင် မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၆၅ လုံး (တန်ချိန် ၁၅၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀)နှင့် မတ်ပဲ SQ/RC (2023 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) စုစုပေါင်း ကွန်တိန်နာ ၄၅ လုံး (တန်ချိန် ၁၀၈၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီကျပ် ၁၂၀၀၀၊ အိမ်မဲကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု)ကျပ် ၁၆၀၀၀နှင့် မြစ်ဝ(ပု)သစ်ကျပ် ၁၆၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး ဈေးများငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၁၉၀၀ (၃၈၀၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၀၀၀ (၄၀၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၁၀၀ (၂၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

 ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ)ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ်(သစ်)ကျပ် ၁၂၅၀၊ မန်ကျည်းအသား(သစ်)ကျပ် ၂၃၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ် ၃၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၄၀၅၀၊ ပခုက္ကူ ကြမ်းကျပ် ၃၆၀၀၊ ရေစကြို ထန်းလျက်(ချော)ကျပ် ၄၀၀၀၊ ကြံသကာ(စစ်)ကျပ် ၂၈၀၀နှင့် သကြား (ပြည်တွင်း)ကျပ် ၃၄၅၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀ ဈေးကျဆင်းခဲ့ပြီး ပခုက္ကူကြမ်း ကျပ် ၁၀၀နှင့် သကြားကျပ် ၅၀ ဈေးမြင့်တက်ခဲ့သည်။ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိကြောင်းသိရသည်။

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ)ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ်ကျပ် ၂၄၅၀၊ ဆိပ်ဖြူလတ်ကြီးကျပ် ၂၄၀၀၊ ဆိပ်ဖြူလတ်သန့်ကျပ် ၂၃၅၀၊ ဆိပ်ဖြူလတ်ချောကျပ် ၁၈၀၀၊ မုံရွာရှယ်ကျပ် ၂၅၅၀၊ မုံရွာလတ်ကြီးကျပ် ၂၅၀၀၊ မုံရွာလတ်သန့်ကျပ် ၂၄၅၀နှင့် မုံရွာလတ်ချောကျပ် ၁၉၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ်ကျပ် ၃၅၀၊ ဆိပ်ဖြူ လတ်ကြီးကျပ် ၃၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၅၀၊ ဆိပ်ဖြူလတ်ချောကျပ် ၄၀၀၊ မုံရွာရှယ်ကျပ် ၂၀၀၊ မုံရွာလတ် ကြီးကျပ် ၂၀၀၊ မုံရွာလတ် သန့်ကျပ် ၂၀၀နှင့် မုံရွာလတ်ချောကျပ် ၂၅၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည် ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၀ စီး (၇၂၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခု အပတ်တွင် ကားစီးရေ ၉၀ စီး (၅၄၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်နီ ကားစီးရေ ၃၀ စီး (၁၈၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ)ဈေးနှုန်းများမှာ ကြူကုတ်ရှယ်ကျပ် ၇၄၀၀၊ အောင်ပန်းထူး-၂ ကျပ် ၇၅၀၀၊ အောင်ပန်း ထူး-၃ ကျပ် ၈၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၅၀၀နှင့် အောင်ပန်းထူး-၅ ကျပ် ၉၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ်ကျပ်၄၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိပါသည်။ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၇၀၀ (၈၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် လည်း ကြက်သွန်ဖြူ အိတ် ၂၇၀၀ (၈၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်းသိရသည်။

(Domestic ygn-MITC)

Category: Local News