Local News

စားသုံးမှု ပုံစံပြောင်းလဲလာ၍ “နှမ်း” သုံးစွဲမှုကျယ်ပြန့်လာ

Last Updated:

မြန်မာ့စိုက်ပျိုးထုတ်ကုန်တစ်မျိုးဖြစ်သည့် နှမ်းကို ကြိတ်ခွဲ၍ စားသုံးဆီအဖြစ် လည်း ကောင်း မြန်မာ့ရိုးရာအစားအစာဖြစ်သည့် လက်ဖက်၊ ပဲကြော်နှင့်တွဲဖက်၍  သရေစာအဖြစ် လည်း ကောင်း၊ နှမ်းယို၊ နှမ်းပျစ်၊ အသုပ်စုံ စသည့်တို့တွင် နှမ်းကို စားသုံးလာကြသည်။

ကုန်စည် ကူးသန်းရောင်းဝယ်ရေးမှုဖွံ့ဖြိုးလာသည့် ကာလတွင် နှမ်းကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းဝယ်လာကြသည်။ ယခုအခါ တိုင်းရင်းသားရိုးရာအစားအစာများနှင့် မြန်မာနှင့် ကူးလူး ဆက်ဆံသည့် တရုတ်၊ ဂျပန်၊ ၊ ကိုရီးယားစသည့် နိုင်ငံများမှာ အစားအစာများကို ရောင်းချသော စားသောက်ဆိုင်များ တွင်ကျယ်လာခြင်းနှင့် ယင်းအစားအစာများ၌ နှမ်းလှော် နှင့် နှမ်းဆီမွှေး ကို သုံးစွဲကြခြင်းကြောင့် နှမ်းသုံးစွဲမှု ကျယ်ပြန့်လာကြောင်း သိရသည်။

စားသုံးသူများကလည်း ယင်းအစားအစားများကို ပိုမိုစားသုံးလာကြခြင်းကြောင့် ကျန်မာရေး ရှု့ထောင့်မှကြည်လျှင်လည်း နှမ်းဆီသည် မပြည်ဝဆီထဲတွင်ပါဝင်သည့်အတွက် ကျန်မာရေးနှင့် ညီညွတ်ပြီး စားသုံးရန် အထူးသင့်တော်သော ဆီလည်းဖြစ်ပါသည်။ နှမ်း စားသုံးခြင်းဖြင့် သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလျော့ချပေးသည့်အပြင် အစာချေအားစနစ် ကောင်းမွန်သည့်အတွက် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း၊ ခန္တာကိုယ်ရောင်းရမ်းမှုများလျော့ချပေးခြင်း နှင့် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေကြောင်း သိရသည်။

ဇွန်လနောက်ဆုံးပတ် နှင့် ယခင်တစ်ပတ်၊ ယခင်လတွင် မန္တလေးကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည့် နှမ်းဈေးနှုန်းများမှာ-

နှမ်းဖြူ(ဗမာ)၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၀၀၀၀မှ ၃၄၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၁၅၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လကျပ် ၃၅၅၀၀၀ မှ ၃၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ ကျပ် ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၃၅၀၀၀ ဈေးနိမ့် လာသည်။

နှမ်းဖြူ(ဂျပန်) ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၇၅၀၀၀ မှ ၃၉၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၁၀၀၀၀ မှ ၄၀၀၀၀၀၊ ယခင်လကျပ် ၄၀၅၀၀၀မှ ၄၁၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၆၅၀၀၀ ကျပ် ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ ခန့် ဈေးနိမ့်လာသည်။

နှမ်းနက်(စမုန်) ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၇၀၀၀၀၀ မှ ၈၁၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၇၂၀၀၀၀ မှ ၈၀၀၀၀၀၊ ယခင်လ ကျပ် ၇၀၀၀၀၀ မှ ၇၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၂၀၀၀၀ ကျပ် ဈေးမြင့်လာပြီး အမြင့်စ ၁၅၀၀၀ ကျပ် ဈေးနိမ့်လာကာ၊ ယခင်လထက် အနိမ့်စ ဈေးငြိမ်နေပြီး အမြင့်စ ၃၅၀၀၀ကျပ် ဈေးနိမ့်လာသည်။

နှမ်းညို ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၀၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၁၈၀၀၀၊ ယခင်လကျပ် ၃၀၀၀၀၀ မှ ၃၄၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၈၀၀၀ မှ ၁၈၀၀၀ ကျပ်ဈေးနိမ့်လာပြီး၊ ယခင်လထက် အနိမ့်စ ဈေးငြိမ်နေပြီး အမြင့်စ ၃၅၀၀၀ ကျပ် ဈေးနိမ့်လာ သည်။

Category: Local News