Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲလွန်း နှင့် ပဲဇီးကွက်ဈေးအေးသော်လည်း အရောင်းအဝယ်သွက်နေ

Last Updated:

အောက်တိုဘာလပထမပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင်ပဲလွန်းဖြူနှင့်ပဲဇီးကွက်ယခင်တစ်ပတ် ထက်ဈေးအေးသွားသော်လည်းပြည်တွင်းဈေးကွက်အပြင်ပြည်ပအဝယ်ရှိလာသောကြောင့်အရောင်းအဝယ်သွက် နေကြောင်းမန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ပဲလွန်းဖြူ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၇၀၀၀၀မှ၁၇၅၀၀၀၊ယခင်တစ်ပတ်ကျပ် ၁၇၀၀၀၀မှ၁၇၅၀၀၀၊ယခင်လကျပ်၁၆၀၀၀၀မှ၁၆၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လ ထက်ကျပ်၁၀၀၀၀မြင့်တက်လာသည်။

ပဲလွန်းပြာ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၈၀၀၀၀မှ၁၉၀၀၀၀၊ယခင်တစ်ပတ်ကျပ် ၁၉၅၀၀၀၊ယခင်လကျပ်၁၆၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ၁၅၀၀၀နိမ့်ကျလာပြီး၊ယခင်လထက် ကျပ်၁၅၀၀၀မှ၂၅၀၀၀မြင့်တက်လာသည်။

ပဲဇီးကွက်၅၈.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၅၅၀၀၀မှ၁၆၀၀၀၀၊ယခင်တစ်ပတ်ကျပ် ၁၅၇၀၀၀မှ၁၆၀၀၀၀၊ယခင်လကျပ်၁၄၅၀၀၀မှ၁၅၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ်၁၀၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News