Local News

မန္တလေးကုန်စည်ဒိုင်၏ မြေပဲဆန်ဈေးနှုန်းကျဆင်းလာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့မန္တလေးအနီးတစ်ဝိုက်မှမြေပဲဆန်အသစ်များလှိုင်လှိုင်ဝင်ရောက်နေကြောင်းသိရသည်။မြေပဲလုံးဆန်များကိုတရုတ်ဝယ်လက်မှဝယ်ယူမှုနည်းခြင်း၊ဆီဆန်ကိုဆီစက်သမားများမှဝယ်ယူမှုအေးခြင်း၊နိုင်ငံတော်မှသက်သာသောဈေးနှုန်းများဖြင့်စားအုန်းဆီများရောင်းချပေးခြင်း၊မြေပဲဆန်အသစ်များဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်နေခြင်းတို့ကြောင့်ဈေးနှုန်းကျဆင်းလာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၆၈၀၀မှ၇၅၀၀၊ယခင်တစ်ပတ်ကျပ်၇၅၀၀မှ၇၈၀၀၊ယခင်လကျပ်၈၅၀၀မှ၈၈၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ၇၀၀၊ယခင်လထက်ကျပ်၁၃၀၀မှ ၁၇၀၀နိမ့်ကျလာသည်။

မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးနှုန်းများမှာယခုတစ်ပတ်ကျပ်၆၅၀၀မှ၆၇၀၀၊ယခင်တစ်ပတ်ကျပ်၆၇၀၀မှ၆၉၅၀၊ယခင်လကျပ်၇၅၀၀မှ၇၆၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀မှ၂၅၀ယခင်လထက်ကျပ်၉၀၀မှ ၁၀၀၀နိမ့်ကျလာသည်။

S1ဆီဆန်တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၆၀၀၀မှ၆၁၀၀၊ယခင်တစ်ပတ်ကျပ်၆၃၀၀မှ၆၆၀၀၊ယခင်လကျပ်  ၆၀၀၀မှ၆၂၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ၅၀၀ယခင်လထက်ကျပ်၁၀၀နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News