စက်တင်ဘာလပထမပတ်တွင်မန္တလေးကြက်သွန်နီဈေးကွက်အခြေအနေမှာလက်ကျန်များနေပြီးဈေးငြိမ်ကာအရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။
မန္တလေးဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်တွင် လက်ကား ဈေး ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ လက်လီဈေး ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ်ဖြစ်သည်။
ကျောက်ဆည်ဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်တွင် လက်ကားဈေး တစ်ပိဿာလျှင် ၁၄၀၀ ကျပ် မှ ၁၈၀၀ ကျပ်၊ လက်လီဈေး ၁၅၀၀ ကျပ် မှ ၁၉၀၀ ကျပ် ဖြစ်သည်။
မြင်းခြံဈေးကွက်သို့ ကြက်သွန်နီကို ကုန်းစိုက် နှင့် ချောင်းစိုက် နှစ်မျိုးဝင်ရောက်လျက်ရှိပြီး ကုန်းစိုက်ကြက်သွန်နီမှာ ချောင်းစိုက်ကြက်သွန်နီထက် အရည်အသွေးကောင်းပြီး တာရှည်အထားခံ သည့်အတွက် ဈေးကောင်းရရှိကြောင်း၊ ယခုတစ်ပတ်အတွင်း ကြက်သွန်နီ ကုန်ချိန်ပိဿာ ၅၀၀၀၀ မှ ၇၀၀၀၀ခန့် ဝင်ရောက်ရောင်းဝယ်မှုရှိပြီး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီး ဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိကာ၊ လက်ကားဈေး ၅၀၀ကျပ်မှ ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။