Local News

မြစ်သားမြို့နယ်၏ဝါဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင်ဝါသီးနှံများကိုလွန်ကျော်၊ပေတော၊ဒါးဝယ်အင်းကျေးရွာများတွင်အများဆုံးစိုက်ပျိုးလျှက်ရှိရာအိန္ဒိယမျိုးနှင့်စိန်ကမ္ဘာမျိုးများကိုအဓိကစိုက်ပျိုးကြပြီး၊         ယခင်နှစ်ကထက်ဈေးပိုရကြောင်းသိရသည်တစ်ဧကကုန်ကျစရိတ်မှာကျပ်တစ်ဆယ်သိန်းမှတစ်ဆယ့်နှစ်သိန်းခန့်ထိကုန်ကျပြီး၊တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၃၀၀)ပိဿာမှ(၃၅၀)ပိဿာထွက်ရှိကြောင်း၊အထွက်နှုန်းကတော့မြေအနေအထားပေါ်မူတည်၍ကွာခြားမှုရှိကြောင်းထွက်ရှိလာသောဝါများကိုမြစ်သား၊ကူမဲရှိပွဲရုံများနှင့်မန္တလေးပွဲရုံများသို့တင်ပို့ရောင်းချလျှက်ရှိကြောင်းမြစ်သားမြို့နယ်၊ပေတောရွာမှ                                ဝါစိုက်တောင်သူဦးဇော်ဝင်းထွန်းကပြောပါတယ်။

ဝါဈေးနှုန်းအနေဖြင့်တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၃၀၀၀မှ၃၂၀၀ပေါက်ဈေးရှိပြီး၊ယခင်လဝါပေါ်စကကျပ်၃၆၀၀မှ၃၈၀၀၊ယခင်နှစ်ကကျပ်၂၆၀၀မှ၂၇၀၀ဈေးရရှိကြောင်း၊ယခင်လထက်ကျပ်၆၀၀နိမ့်ကျလာပြီး၊ယခင်နှစ်ထက်ကျပ်၄၀၀မှ၅၀၀မြင့်တက်လာကြောင်းသိရသည်။ဝါသီးနှံသည်အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါကတောင်သူများအနေဖြင့်အကျိုးအမြတ်ရရှိပြီးဝင်ငွေကောင်းတဲ့သီးနှံဖြစ်တဲ့အတွက်တိုးချဲ့စိုက်ပျိုးသင့်သော်လည်းသွင်းအားစုဈေးမြင့်တက်လာခြင်း ကြောင့်အကျိုးအမြတ်ရရှိမှုနည်းနေသေးကြောင်းပေတောကျေးရွာဝါစိုက်တောင်သူများ၏ပြောပြချက်အရသိရပါသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News