Local News

မန္တလေးကုန်စည်ဒိုင်တွင်ပဲတီစိမ်း(အညာ)အဝယ်သွက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်ပဲတီစိမ်း(အညာ)ဈေးကွက်တွင်ယခင်တစ်ပတ်ဈေးကျဆင်းနေတဲ့ပဲတီစိမ်းကယခုတစ်ပတ်တွင်ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရသည်။ဈေးကွက်သို့ကျောက်ဆည်နယ်နှင့်မန္တလေးအနီးတဝိုက်မှဝင်ရောက်နေပြီး၊အရည်အသွေးနှင့်အစိုဓာတ်အပေါ်မူတည်၍ရောင်းဝယ်နေကြကြောင်း၊တရုတ်ဝယ်လက်မှအဝယ်သွက်လာသော ကြောင့်ယခင်တစ်ပတ်ထက်ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲတီစိမ်း(အညာ)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၅၅၀၀၀မှ၁၇၀၀၀၀၊ယခင်တစ်ပတ်ကျပ်၁၄၅၀၀၀မှ၁၆၆၀၀၀၊ယခင်လကျပ်၁၅၅၀၀၀မှ၁၇၂၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၄၀၀၀မှ၁၀၀၀၀ မြင့်တက်လာပြီး၊ယခင်လထက်ကျပ်၂၀၀၀နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News