Local News

မန္တလေးကုန်စည်ဒိုင်ပဲဈေးကွက်တွင်မတ်ပဲနှင့်ပဲစင်းငုံအရောင်းသွက်၍ဈေးမြင့်လာ

Last Updated:

စက်တင်ဘာလပထမပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ဈေးအေးသွားတဲ့မတ်ပဲကယခုတစ်ပတ်ဈေးမြင့်လာကြောင်းမတ်ပဲအသစ်များမပေါ်သေးပဲလက်ကျန်နည်းကာဈေးကွက်ထဲအဝင်နည်းပေမဲ့ပြည်ပအဝယ်သွက် နေသောကြောင့်ဈေးနှုန်းမြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၄၅၀၀၀မှ၂၄၇၀၀၀၊ယခင်တစ်ပတ်ကျပ်၂၃၀၀၀၀မှ၂၄၀၀၀၀၊ယခင်လကျပ်၁၇၀၀၀၀မှ၂၁၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀မှ၁၅၀၀၀၊ယခင်လထက်ကျပ် ၃၂၀၀၀မှ၇၅၀၀၀မြင့်တက်လာသည်။

ပဲစင်းငုံဈေးကွက်မှာအမြင့်ဈေးဖြင့်ငြိမ်နေခဲ့ရာမှယခုတစ်ပတ်တွင်ဈေးမြင့်တက်လာကြောင်းပြည်တွင်းပဲလက်ကျန်နည်းခြင်း၊အိန္ဒိယနိုင်ငံကိုတင်သွင်းရမယ့်ပမာဏသတ်မှတ်ထားတာဖြစ်လို့ပြည်ပတင်ပို့မည့် ဝယ်လက်အဝယ်သွက်လာသောကြောင့်ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲစင်းငုံ(နီ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၈၅၀၀၀မှ၃၈၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၃၅၀၀၀၊ယခင်လကျပ်၃၀၅၀၀၀မှ၃၁၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၄၅၀၀၀မှ၅၀၀၀၀၊ယခင်လထက်ကျပ်၇၅၀၀၀ မြင့်တက်လာသည်။

ပဲစင်းငုံ(ဖြူ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၂၅၀၀၀မှ၃၃၅၀၀၀၊ယခင်တစ်ပတ်ကျပ်၂၉၀၀၀၀မှ၃၀၀၀၀၀၊ယခင်လကျပ်၂၆၅၀၀၀မှ၂၇၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၅၀၀၀၊ယခင်လထက်ကျပ် ၂၅၀၀၀မှ၃၅၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News