မန္တလေးကုန်စည်ဒိုင်တွင်စက်တင်ဘာလဒုတိယပတ်၌ကုလားပဲမျိုးစုံအကျဈေးဖြင့်ဈေးငြိမ်ပြီးအရောင်းအဝယ်အေးနေကြောင်း သိရသည်။
ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၅၄၀၀၀ မှ ၂၅၅၀၀၀၊ ယခင်တစ်ပတ် ၂၆၀၀၀၀ ကျပ် ၊ ယခင်လ ၂၅၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၆၀၀၀ခန့် ဈေးနိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၄၀၀၀မှ ၆၀၀၀ ဈေးမြင့်တက်လာသည်။
ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၄၃၀၀၀မှ ၂၄၄၀၀၀၊ ယခင်တစ်ပတ်ကျပ်၂၄၅၀၀၀ မှ ၂၄၈၀၀၀၊ ယခင်လ ၂၅၀၀၀၀ ကျပ်ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၂၀၀၀မှ ၄၀၀၀၊ယခင်လထက်ကျပ် ၆၀၀၀မှ ၇၀၀၀ ခန့်ဈေးနိမ့်ကျလာသည်။
ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၆၀၀၀ မှ ၂၃၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၃၈၀၀၀ မှ၂၄၀၀၀၀၊ ယခင်လ ကျပ် ၂၃၅၀၀၀မှ ၂၃၈၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀ကျပ် နိမ့်ကျလာပြီး ၊ ယခင်လအတိုင်းဈေးငြိမ်နေပါသည်။
ကုလားပဲ(၉၂၉) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၄၃၀၀၀ မှ ၂၄၄၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၄၅၀၀၀မှ ၂၄၇၀၀၀၊ ယခင်လကျပ် ၂၄၆၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်နှင့် ယခင်လထက် ကျပ် ၂၀၀၀မှ ၃၀၀၀ ခန့် ဈေးနိမ့်ကျလာသည်။