Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း၊ ဈေးကွက်အခြေအနေများ

Last Updated:

 မေလ နောက်ဆုံးအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများထဲမှ ဂျုံဖြူသန့် ဈေးငြိမ်    လျှက်ရှိပြီး CP ပြောင်းဖူးစေ့၊ ပဲတီစိမ်ကြီး ဈေးနှုန်းကျဆင်းသွားသည်။  ပဲတီစိမ်းသေး၊ ပဲစဉ်းငုံ၊ ပဲနီလုံးကြား၊ ပဲကြီး၊ မတ်ပဲ၊ 929၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီးဈေးနှုန်းများမှာ မြင့်တတ်လာပါသည်။ ယခုတစ်ပတ်အတွင်း  သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၂၀၀၀) ကျပ်၊ မတ်ပဲ (၇၄၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၄၅၀၀၀-၆၀၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၄၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၄၆၀၀၀-၄၇၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၀၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင်  (၉၀၀၀၀-၉၁၀၀၀)ကျပ် နှုန်းပေါက်လျှက်ရှိပါသည်။ ယခင်လ ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်း(၅၃၅၀၀)ကျပ်၊ ပဲစင်းငုံတစ်တင်း(၇၇၀၀၀)ကျပ်၊ မတ်ပဲတစ်တင်း(၇၀၀၀၀) ကျပ်၊ ပဲတီစိမ်း(သေး) (၄၂၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်း(၄၅၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်း(၈၇၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဂျုံဖြူသန့်မှာ ဈေးငြိမ်၍ ပဲတီစိမ်း(ကြီး)တစ်တင်း (၈၀၀၀)ကျပ်ထိ ကျဆင်းသွားပြီး ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၄၀၀၀) ကျပ်နှင့် ပဲစဉ်းငုံတစ်တင်းလျှင် (၁၅၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်း (၅၀၀၀)ကျပ်အသီးသီး မြင့်တက်လာကြောင်းသိရသည်။

          ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၄၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၄၅၀၀)ကျပ်၊ 929 (၈၁၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်လ ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၂၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး (၇၂၀၀၀)ကျပ်၊ 929 (၇၁၀၀၀)ကျပ် ပေါက်ဈေးရှိကာ ယခင်လကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929 တစ်တင်း (၁၀၅၀၀)ကျပ်၊၊ ကုလားပဲဖြူလုံးသေး တစ်တင်း (၁၂၅၀၀)ကျပ်နှင့် ကုလားပဲဖြူလုံးကြီး တစ်တင်း (၁၂၀၀၀)ကျပ် ဈေးနှုန်းများမြင့်တက်သွားကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၇၀၀)ကျပ် ပေါက်ဈေးရှိပြီး  ယခင်လ ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ရှိပြီး ယခင်လ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးအနည်းငယ်ကျဆင်းလာကြောင်းသိရပါသည်။  

                                                                                                                                                                                                                           ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News