ဩဂုတ်လ စတုတ္ထအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပွဲရုံများသို့ စားဖိုးဆောင် သီးနှံဖြစ်သော ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၁၈၀၀၀ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများတွင် ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်းကြက်သွန်ကြော်လုပ်ငန်းများ၊ အကြော်ဖိုများ၊ ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ချင်းတွင်း မြစ်ရိုးတစ်လျှောက်ရှိ မြို့နယ်များသို့ တင်ပို့နေကြောင်းသိရပါသည်။
ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လာသော ကြက်သွန်နီ တစ်ပိဿာ ပေါက်ဈေုးနှုန်းမှာ လက်ကားဈေးနှုန်း (ကြီး) ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်ထိ၊ (လတ်) ၁၀၀၀ကျပ်မှ ၁၁၀၀ကျပ်၊ (သေး) ၈၀၀ကျပ်မှ ၁၀၀၀ကျပ်နှင့် လက်လီဈေးနှုန်း (ကြီး) ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ (လတ်) ၁၁၀၀ကျပ်မှ ၁၂၀၀ကျပ်၊ (သေး) ၈၀၀ကျပ်မှ ၁၀၀၀ ကျပ်ပေါက်ဈေးရှိပါသည်။ကြက်သွန်နီအလုံးအရွယ်အစားနှင့် အစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာပေါက်ဈေးနှုန်းမှာ ဗမာဖြူ ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ ရှမ်းဖြူ ၇၀၀၀ကျပ်မှ ၇၅၀၀ကျပ်ထိ၊ ကြူကုတ်ဖြူ ၁၇၅၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ စသည်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာကြက်သွန်နီပွဲရုံများမှ သိရပါသည်။