Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     အောက်တိုဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မိုးနှမ်းများလှိုင်လှိုင်ပေါ်သဖြင့် အဝင်များကာ ဈေးများအနည်းငယ်ကျနေပြီး မြေပဲလုံးဆံဖြူနှင့်ဆီဆံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၂၀၀၀-၉၄၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၀၀၀၀-၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀- ၁၁၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀- ၉၅၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၉၆၀၀၀) ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၁၀၀၀-၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၀၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၀၀၀၀- ၁၀၀၀၀၀)ကျပ်ရှိနေကြောင်းသိရသည်။

     ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၅၉၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၂၀၀)ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူဈေး ကျဆင်းနေကြောင်းသိရသည်။ ပဲဖတ်တစ်ပိဿာ(နယ်- ၂၈၅၀ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၆၀၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၉၅၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News