Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

       အောက်တိုဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲကြီး၊ ပုဂံပဲ၊ ပဲပုတ်စေ့ ၊ ပဲနီလုံးရိုးရိုး၊ ပဲတီစိမ်းသေးတို့ ဈေးငြိမ်၍ ပဲနီလုံးကြား ဈေးအနည်းငယ်မြင့်တက်နေပြီး၊ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ မတ်ပဲ၊ ၊ ပဲတီစိမ်းကြီး၊Cp ပြောင်းဖူးစေ့၊ ကုလားပဲထိုင်ဝမ်၊ ကုဖြူလုံးကြီ ၊ ကုဖြူလုံးသေးနှင့် ကုလားပဲ 929 ဈေးနှုန်းများကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၇၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၈၀၀၀)ကျပ်၊ ပဲကြီး (၁၀၈၀၀၀)ကျပ်၊ မတ်ပဲ (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၆၀၀၀-၅၇၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၆၀၀၀)ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ ပဲပုတ်စေ့ (၇၈၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၈၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၈၈၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၇၅၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၇၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၈၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၁၅၀၀)ကျပ်၊ ပဲကြီး (၁၀၈၀၀၀)ကျပ်၊ မတ်ပဲ (၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၆၀၀၀-၅၇၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၇၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၇၈၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၅၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၉၁၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၂၅၀၀) ကျပ်၊ ကုလားပဲ 929 (၉၀၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၉၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ် အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲနီလုံးကြား တစ်တင်း (၁၃၀၀) ကျပ်မြင့်တက်နေပြီး၊ ဂျုံဖြူသန့် တစ်တင်း (၁၀၀၀) ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၃၅၀၀)ကျပ်၊ မတ်ပဲ တစ်တင်း (၂၀၀၀)ကျပ်၊  ပဲတီစိမ်းကြီတစ်တင်း (၁၀၀၀)ကျပ်း၊ Cp ပြောင်းဖူးစေ့ တစ်တင်း (၁၅၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း (၂၀၀၀)ကျပ်၊ ကုဖြူလုံးကြီ တစ်တင်း (၃၀၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်း (၄၅၀၀)ကျပ်၊ ကုလားပဲ929 တစ်တင်း (၂၅၀၀) ကျပ် အသီးသီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။

Category: Local News