Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

        မေလပထမပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ဂျုံဖြူသန့်နှင့် ပဲစဉ်းငုံ ဈေးငြိမ် ၍ မတ်ပဲ၊ ပဲတီစိမ်းကြီး မြှင့်တက်နေပြီး ကုလားပဲဖြူ လုံးသေး၊ ကုလားပဲဖြူ လုံးကြီး၊ CP ပြောင်းဖူးစေ့၊ 929 နှင့် ပဲကြီးဈေးနှုန်းများ ပေါက်ဈေး နှုန်းများ  အနည်းငယ်ကျဆင်းနေပါသည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်းပေါက်ဈေး နှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၇၆၅၀၀)ကျပ်၊မတ်ပဲ (၆၈၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၆၇၅၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ် အတွင်း ကာလတူ ပေါက်ဈေးနှုန်း များမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၇၆၅၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၄၀၀၀၀-၄၂၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူ နှိုင်းယှဉ်ပါက ဂျုံဖြူသန့်နှင့် ပဲစဉ်းငုံ ဈေးငြိမ်နေပြီး မတ်ပဲ တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၅၀၀)ကျပ် မြှင့်တက်နေ ကြောင်းသိရသည်။ ယခုတစ်ပတ် ပဲကြီး တစ်တင်းလျှင် (၈၆၅၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက် ဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် (၈၉၀၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်း ယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၂၅၀၀)ကျပ်နှုန်း ကျဆင်းသွားကြောင်းသိရသည်။

        ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး   (၇၂၈၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၇၂၈၀၀)ကျပ်၊ 929  (၇၁၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၇၃၂၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၇၃၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၇၁၅၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက 929 တစ်တင်းလျှင် (၅၀၀)ကျပ်၊ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၄၀၀)ကျပ်နှင့် ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၂၀၀)ကျပ်နှုန်း ကျဆင်းသွားကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၁၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၄၀၀)ကျပ်ရှိ ၍ ကာလတူနှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းနေကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News