Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

 ဩဂုတ်လ ဒုတိယအပတ်တွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ ပိဿာချိန် (၁၂၀၀၀)ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်းအဆွဲများ၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

  ယခုတစ်ပတ်တွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၂၂၅၀-၂၁၅၀)ကျပ်၊ (လတ်) (၂၁၀၀-၁၉၅၀) ကျပ်၊ (သေး) (၁၆၅၀-၁၅၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၄၀၀-၂၂၅၀)ကျပ်၊ (လတ်) (၂၂၀၀-၂၁၀၀)ကျပ်၊ (သေး) (၁၇၅၀-၁၆၀၀)ကျပ် ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ(ဗမာ)(၈၅၀၀-၉၂၀၀)ကျပ်၊ (ရှမ်းစ) (၇၃၀၀-၈၁၀၀)ကျပ်၊ ကြူကုတ် (၇၂၀၀-၈၀၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၉၀၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၆၀၀-၈၇၀၀)ကျပ်၊ ကြူကုတ် (၇၅၀၀-၈၆၀၀) ကျပ်ဖြင့် ပစ္စည်းအရည် အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျှက်ရှိကာ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

Category: Local News