Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

            နိုဝင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းများ အဝင်များ၍  နှမ်းနက် ဈေးငြိမ်၍ နှမ်းညို၊ နှမ်းဝါ၊ နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀ - ၉၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀- ၁၁၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၈၆၀၀၀- ၈၇၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၂၀၀၀-၁၀၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀) ကျပ်ရှိနေကြောင်း သိရ သည်။

          ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၁၀၀) ကျပ် မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၈၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀) ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၅၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၀၀၀-၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ပဲဖတ် တစ်ပိဿာ(နယ် - ၂၄၇၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၃၀၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၇၅၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News