Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဒီဇင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ   နှမ်းဖြူ၊ နှမ်းညို၊ နှမ်းဝါ၊ နှမ်းနက်ဈေးများအနည်းငယ်ဈေးပြန်ကျဆင်းပြီး မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၃၀၀၀-၁၀၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀-၁၁၀၀၀၀) ကျပ်ဖြစ်ကာ ယခင်လ ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၀၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀ - ၉၅၀၀၀) ကျပ်ရှိ၍ ယခင်လ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်မြင့်လာကြောင်း သိရသည်။

 ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀-၅၉၀၀)ကျပ် မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၆၀၀) ကျပ်ရှိပြီး ယခင်လကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀-၅၉၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၆၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၀၀ကျပ်ဈေးတက်လာပြီး မြေပဲဆီဖြူမှာ ဈေးငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀-၁၂၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၃၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News