Local News

ပြည်ဒေသ၏ နှမ်းမျိုးစုံဈေးနှုန်းဈေးကွက်

Last Updated:

ပြည်နှမ်းဈေးကွက်၌ နှမ်းဈေးများမှာ ယခင်အပတ်ကထက်စာလျှင် အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့ပါသည်။ ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ ၆၆၃၇၁ ဧက၊ ရိတ်ဧကမှာ ၆၆၃၇၁ ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ၁၄.၉၅ တင်းထွက်ရှိ၍ စုစုပေါင်းမိုးနှမ်းအထွက်တင်းမှာ ၉၉၁၉၃၄ တင်းထွက်ရှိပါသည်။ ဆောင်းနှမ်းစိုက်ဧကမှာ ယခုအချိန်အထိ ၄၃၇၃ ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုး ထားချိန်ဖြစ်၍ ခရိုင်းအတွင်းမြို့နယ်များမှထွက်ရှိသော နှမ်းများမှာ ကုန်သလောက်နည်းပါးသွားပြီး အခြားမြို့နယ်များမှဝင်ရောက်လာသော နှမ်းများဖြင့်သာ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ရောက်ရှိလာသော နှမ်းနီကို မြို့တွင်းဆီစက်သမားများက ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၅၀) ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထို့အတူ နှမ်းနက်နှင့် စမုံနက်နှမ်းကို မန္တလေးဝယ်လက်နှင့် အောင်လံဝယ်လက်များက ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀၀) ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခုနိုဝင်ဘာလ တတိယပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၈၅၀၀၀ ကျပ်၊ နှမ်းနက် (၃) တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ ကျပ်နှင့် စမုံနက်နှမ်း (၃) တင်းဝင်တစ်အိတ်လျှင် (၃၀၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News