Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

 ဩဂုတ်လဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ  နှမ်းညိုနှင့် နှမ်းနက်ဈေးနှုန်းများ အနည်းငယ်မြင့်လာကာ နှမ်းဖြူဈေးမှာငြိမ်နေပြီး မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၁၀၁၅၀၀)ကျပ်၊  နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၁၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀- ၁၀၅၀၀၀)ကျပ်ရှိပြီး ယခင်အပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၄၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ရှိပြီး ယခုအပတ်အတွင်း ကာလအချိန်နှင့်တူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် (၇၀၀၀)ကျပ်၊  နှမ်းနက် တစ်တင်းလျှင် (၅၀၀၀)ကျပ်‌ ဈေးအနည်းငယ်မြင့်ကာ နှမ်းဖြူဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။

         ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၉၅၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၄၀၀)ကျပ်ရှိပြီး ယခင်အပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ(၉၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ   (၇၂၀၀)ကျပ်၊ ယခုအပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီဈေးငြိမ်နေကာ  မြေပဲလုံးဆံဖြူ ဈေးအနည်းငယ် မြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်တွင်း ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၂၅၀၀ကျပ် ပေါက်ဈေးရှိပါသည်။

 

Category: Local News