Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၆-၈-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၆-၈-၂၀၂၃)ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၆၉၀) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၇၀၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၃၉၈) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့်(၅၈.၂၀၀)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၁၇၅) သန်း၊ ရော်ဘာ (၁၀၅.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၃၇)သန်း၊ ကဏန်း(၂၅.၈၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၈)သန်း၊ ကြက်သွန်နီ (၂၈၈.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၆) သန်း၊ ပဲတီစိမ်း (၁၀၂.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၁)သန်း၊ နနွင်းတက် (၇၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၅)ဒေါ်လာသန်း၊ လျှော်ဖြူ(၁၀.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၅)သန်း၊ ဆီးသီးခြောက် (၁၇၂.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃) သန်း၊ မိကျောင်း ကွမ်းဖတ်စေ့(၁၀.၄၃၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀) သန်းနှင့် နေလဲစေ့(၁၇.၄၀၀)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းတို့ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၂၇၀) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၀)သန်း၊ Sorbitol တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၂) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၈) သန်း၊ ပန်းသစ်တော်သီး တန်ဖိုးကန်ဒေါ်လာ (၀.၀၂၆) သန်း၊ Dextrose Monohydrate တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၆)သန်း၊ Glue Hot Melt Type တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁) သန်း၊ စပျစ်သီး တန်ဖိုး ကန် ဒေါ်လာ (၀.၀၁၇) သန်း၊ Fluorescent Lamp Fitting Complete Set တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၀)သန်းနှင့် Lighting Set With Pipe တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉) သန်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှ (၆) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၅.၈၁၂)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၄.၉၆၇)သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၀.၇၇၉)သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၁၄၀) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

     (၆-၈-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀၇.၀၂၈) နှုန်း၊ ရော်ဘာ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၀၀.၉၄၁) နှုန်း၊ ကဏန်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၇၉၉.၉၃၂) နှုန်း၊  ကြက်သွန်နီ (၁) တန်လျှင် အမေရိကန် ဒေါ်လာ(၃၃၂.၇၈၆)နှုန်း၊ ပဲတီစိမ်း (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၆၈၈.၅၃၉)နှုန်း၊ နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၈.၇၅၇)နှုန်း၊ လျှော်ဖြူ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၄၀၅.၄၂၃)နှုန်း၊ ဆီးသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၇၄.၅၉၇)နှုန်း၊ မိကျောင်းကွမ်း ဖတ်စေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၉၅၀.၆၁၁)နှုန်း၊ နေလဲစေ့(၁)တန်လျှင် အမေရိကန် ဒေါ်လာ (၄၃၂.၇၃၀) နှုန်း တင်ပို့နိုင်ခဲ့သည်။

     (၃၁-၇-၂၀၂၃) ရက်နေ့ မှ (၆-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၃၄၈.၈၈၀)တန်၊ တန်ဖိုးကန် ဒေါ်လာ(၁.၀၅၀)သန်း၊ ပဲတီစိမ်း (၁၀၇၂.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၇၄၁)သန်း၊ ကဏန်း(၁၆၉.၂၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၆၄၅)သန်း၊ ကြက်သွန်နီ (၁၃၂၀.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၄၈၅)သန်း၊ ကြေးနီ(၁၃၉.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၄၀၀)သန်း၊ ရော်ဘာ(၂၄၃.၅၀၀)တန်၊ တန်ဖိုး(၀.၃၁၇)ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၆၃.၄၂၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၁၆)သန်း၊ ရေခဲပုစွန် (၆၃.၉၇၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၃၉)သန်း၊ နနွင်းတက်(၅၁၇.၃၆၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၃၅)သန်း၊ ငါးမှုန့်(၃၇၁.၀၀၀) တန်၊ တန်ဖိုး (၀.၂၂၃) ဒေါ်လာသန်းတို့ ဖြစ်သည်။

     (၃၁-၇-၂၀၂၃) ရက်နေ့ မှ (၆-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၂.၂၂၃) သန်း၊ စက်သုံးဆီ တန်ဖိုးကန်ဒေါ်လာ (၀.၆၄၅) သန်း၊ Galvanize Iron Sheet In Coil တန်ဖိုးကန်ဒေါ်လာ (၀.၅၅၆) သန်း၊ Brand New Split Type Air Conditioner တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၆)သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၂) သန်း၊ Pvc Flim တန်ဖိုးကန်ဒေါ်လာ (၀.၁၀၇) သန်း၊ Water Pump တန်ဖိုး ကန် ဒေါ်လာ(၀.၀၈၆)သန်း၊ Solar Inverter တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၅)သန်း၊ Sorbitol တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၂) သန်းနှင့် ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၅) သန်းတို့ဖြစ်သည်။

     (၃၁-၇-၂၀၂၃) ရက်နေ့ မှ (၆-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀၈.၃၆၅) နှုန်း၊ ပဲတီစိမ်း (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၆၉၁.၀၃၅) နှုန်း၊ ကဏန်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၈၀၉.၄၅၂) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၇.၄၅၂) နှုန်း၊ ကြေးနီ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၈၇၉.၃၁၃) နှုန်း၊  ရာဘာ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၀၁.၃၇၄) နှုန်း၊ သီဟိုဠ်စေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၇၆.၉၉၂) နှုန်း၊ ရေခဲပုစွန် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၇၃၈.၀၈၈)နှုန်း၊ နနွင်းတက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၅၁၇.၃၆၁) နှုန်း၊ ငါးမှုန့် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၆၀၁.၉၉၀) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

     မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများ အချိန်နှင့်တပြေးညီသိရှိအောင် ဆောင်ရွက်သင့်သည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒလုပ်ထုံးလုပ်နည်းများသိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

   ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများ ဆောင်ရွက်သင့်သည်။ တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်း သက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည် လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး- မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News