Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ဂျုံအထွက်တိုး၊ ပဲတီစိမ်းသေး၊ပဲနီလုံးရိုးရိုး၊ပဲနီလုံးကြား၊ ပြောင်းဖူးစေ့ CP၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ၊ ကုလားပဲ 929 ၊ ကုလားပဲထိုင်ဝမ် ဈေးငြိမ်၍ ကုလားပဲဖြူလုံးသေး ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး၊ ကုလားပဲဖြူလုံးကြီး၊ ပဲလွန်းပြာနှင့် ပဲစင်းငုံ ဈေးနှုန်းမြင့်တက်နေကြောင်းသိရသည်။

ယခုတစ်ပတ်တွင် သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၈၀၀၀၀ ကျပ်၊ ဂျုံအထွက်တိုး ၆၅၀၀၀ ကျပ်၊ ပဲစင်းငုံ ၈၁၀၀၀ကျပ်၊  ပဲတီစိမ်းသေး ၈၀၀၀၀မှ ၉၂၀၀၀ကျပ်၊မတ်ပဲ ၈၀၀၀၀မှ ၉၂၀၀၀ကျပ်၊ ပဲနီလုံးရိုးရိုး ၁၄၀၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၅၅၀၀၀ ကျပ်၊ပဲလွန်းပြာ ၆၄၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp ၂၈၅၀၀ ကျပ်၊ ပြောင်းနီ ၂၇၅၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၇၅၀၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ၇၇၅၀၀ကျပ်၊  ကုလားပဲဖြူလုံးသေး ၇၂၅၀၀ကျပ်၊  ကုလားပဲ 929 ၇၆၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၆၅၀၀ ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန်ပေါက်ဈေးနှုန်း များမှာ ဂျုံဖြူသန့် ၈၀၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၅၀၀၀ ကျပ်၊    ပဲစင်းငုံ ၇၉၀၀၀ ကျပ်၊  ပဲတီစိမ်းသေး ၈၀၀၀၀မှ ၉၂၀၀၀ကျပ်၊ပဲနီလုံးရိုးရိုး ၁၄၀၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၅၅၀၀၀ ကျပ်၊ ပဲလွန်းပြာ ၆၃၀၀၀ ကျပ်၊ပြောင်းဖူးစေ့ Cp ၂၈၅၀၀ ကျပ်၊ ပြောင်းနီ ၂၇၅၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၇၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၇၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၃၅၀၀ကျပ်၊ကုလားပဲ 929 ၇၆၅၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် ၇၆၅၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။

ယခုအပတ်နှင့် ယခင်အပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲလွန်းပြာ တစ်တင်း ၁၀၀၀ကျပ်၊ ပဲစင်းငုံ တစ်တင်း ၂၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း ၅၀၀ ကျပ်နှုန်းမြင့်တက် လာပြီး ကုလားပဲဖြူလုံးသေး တစ်တင်း ၁၀၀၀ကျပ်ခန့် ကျဆင်းလာကြောင်းသိရပါသည်။

 

 

         စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News