Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ဇန်နဝါရီလ ဒုတိယအပတ်အတွင်း မုံရွာကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံများဈေးငြိမ်နေပြီး နှမ်းနက်၊ နှမ်းဖြူ၊ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရပါသည်။

ယခုအပတ်အတွင်း နှမ်းနက် တစ်တင်း ၁၉၀၀၀၀ကျပ်မှ၂၄၀၀၀၀ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၈၅၀၀၀ကျပ်မှ၉၉၀၀၀ကျပ်ထိရှိပြီး ယခင်အပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၁၉၀၀၀၀-၂၃၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၈၅၀၀၀-၉၆၀၀၀ကျပ်ရှိပြီး ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၃၀၀၀ကျပ်ခန့် မြင့်တက် လာကြောင်းသိရပါသည်။ ယခင်လ ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ  နှမ်းနက် တစ်တင်း ၁၉၀၀၀၀-၂၃၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၉၇၀၀၀ကျပ်ရှိပြီး ကာလတူအချိန်ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၂၀၀၀ကျပ်ခန့် မြင့်တက်လာ ကြောင်းသိရ သည်။    

 ယခုအပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၈၀၀မှ၉၀၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၈၀၀မှ၉၀၀၀ကျပ်ထိရှိပြီး ယခင်အပတ် ကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၀၀၀ကျပ်၊မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၅၀၀ ကျပ်ရှိ၍ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဈေးနှုန်းများ ဈေးငြိမ်နေကြောင်းသိရသည်။ ယခင်လကာလတူအချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၇၀၀-၈၉၀၀ ကျပ်၊ မြေပဲ ဆီဆံဖြူ တစ်ပိဿာ ၈၃၀၀ ကျပ်ရှိပြီး ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၀၀ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

 ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၁၅၀၀ ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၇၀၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၅၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News