Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

         မေလဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ဂျုံဖြူသန့် ဈေးငြိမ်၍  ပဲတီစိမ်းကြီး အနည်းငယ်ကျဆင်းကျဆင်းနေပြီး ပဲစဉ်းငုံ၊ မတ်ပဲ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ CP ပြောင်းဖူးစေ့၊ 929 နှင့် ပဲကြီးဈေးနှုန်းများ ပေါက်ဈေး နှုန်းများမြှင့်တက်နေပါသည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်းပေါက်ဈေး နှုန်းများမှာ ဂျုံဖြူသန့် တစ်တင်း လျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၇၉၀၀၀)ကျပ်၊မတ်ပဲ (၆၉၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၃၀၀၀)ကျပ်နှင့် ပဲတီစိမ်းကြီး (၆၅၀၀၀)ကျပ် ပေါက်ဈေး ရှိသည်။ ယခင်တစ်ပတ် အတွင်း ကာလတူ ပေါက်ဈေးနှုန်း များမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၈၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၆၇၀၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူ နှိုင်းယှဉ်ပါက ဂျုံဖြူသန့်ဈေးငြိမ်နေပြီး  ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ်ကျဆင်း၍ မတ်ပဲ တစ်တင်းလျှင် (၁၀၀၀)ကျပ်နှင့် ပဲစဉ်းငုံ တစ်တင်းလျှင် (၂၀၀၀)ကျပ် နှုန်းမြှင့်တက် နေကြောင်းသိရသည်။ ယခုတစ်ပတ် ပဲကြီး တစ်တင်းလျှင် (၈၇၅၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက် ဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် (၈၆၀၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ် နှုန်းမြင့်တက်သွားကြောင်းသိရသည်။

        ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး   (၇၂၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၇၃၅၀၀)ကျပ်၊ 929  (၇၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၇၂၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၇၁၀၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက 929 ၊ကုလားပဲဖြူလုံးကြီး  နှင့် ကုလားပဲဖြူ လုံးသေးဈေးနှုန်း အနည်းငယ်မြှင့်တက်ကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၅၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၁၀၀)ကျပ်ရှိ ၍ ကာလတူနှိုင်းယှဉ်ပါက ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News