Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုသတင်း

Last Updated:

       ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၂၂-၄-၂၀၂၃) မှ (၂၈-၄-၂၀၂၃)အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ စစ်တုံဉ၊ ချင်း(အစို)၊ ဇီးသီးခြောက်၊ အုန်းသီး၊ အုန်းသီးခြောက်နှင့် တံမျက်စည်းကြမ်းတို့ တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၆၇၁၅ ဒေါ်လာတင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

          ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ချင်း(အစို)တန်ချိန် ၆၅ တန်တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ချင်း(အစို)တန်ချိန် ၂၈၂ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ချင်း (အစို) တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် ချင်း(အစို) တင်ပို့နိုင်မှု ငွေပမာဏမှာ ၂၉၂၅၀ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

          ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လုပ်ငန်းသုံးကုန်ပစ္စည်းများအနေဖြင့် Writing A4 paper (60 to 80 GSM) တို့ကိုတင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ တင်သွင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

                                                                                                                                                                                                                                                      နီလာ

                                                                                                                                                                                                                                  သဇင်မြေကုန်သွယ်မှုဗဟိုဌာန

Category: Local News