ဇွန်လ ဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညိုနှင့် နှမ်းဖြူဈေးများ ကျဆင်း၍ နှမ်းနက်၊ မြေပဲလုံးဆန်နီ၊ မြေပဲလုံးဆန်ဖြူ ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။ ဇွန်လ ဒုတိယပတ်တွင် နှမ်းညို တစ်တင်း ၁၁၀၀၀၀-၁၀၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၉၀၀၀၀- ၂၃၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၀၀၀၀-၁၂၀၀၀၀ကျပ်ဖြစ်ကာယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၁၂၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၉၀၀၀၀-၂၂၅၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၅၀၀၀ ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ကျပ်ခန့်မြင့်တက်နေပြီး နှမ်းဖြူ တစ်တင်းလျှင် ၁၅၀၀၀-၅၀၀၀ကျပ်ခန့်၊ နှမ်းညို တစ်တင်း ၂၀၀၀ ကျပ်ခန့်ကျဆင်းနေကြောင်းသိရသည်။
ဇွန်လ ဒုတိယပတ်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၇၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၁၀၂၀၀-၁၀၅၀၀ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၆၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာ ၁၀၀ကျပ်ခန့်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၅၀၀ကျပ်ခန့် မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၄၇၈၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၃၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၃၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး