Local News

မတ်လတတိယအပတ်အတွင်း မုံရွာကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်း​ဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၃၀၀၀၀) ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိကြောင်း သိရသည်။

     ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးနှုန်းများမှာ(ကြီး) (၁၀၀၀-၁၀၅၀)ကျပ်၊ (လတ်) (၉၅၀-၁၀၀၀)ကျပ်၊ (သေး) (၈၅၀-၈၀၀) ကျပ်နှုန်း၊ လက်လီတစ်ပိဿာမှာ(ကြီး) (၁၂၀၀-၁၃၀၀)ကျပ်၊ (လတ်) (၁၀၀၀-၁၁၀၀)ကျပ်၊ (သေး) (၈၀၀-၉၀၀) ကျပ်နှုန်းနှင့် အလုံးဆိုဒ်၊ အစို၊ အခြောက်၊ အရောင်းအသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။  ကြက်သွန်ဖြူလက်လီ တစ်ပိဿာ ဈေးနှုန်းမှာ(ဗမာ) (၄၅၀၀-၅၂၀၀)ကျပ်၊ ရှမ်းစ (၄၀၀၀-၄၅၀၀) ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

                                                                                                                                                                   ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News