Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသောဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

      ဇူလိုင်လ ဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညိုနှင့် နှမ်းဖြူဈေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး မြေပဲလုံးဆံနီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကာ မြေပဲလုံးဆံဖြူတို့ ဈေးငြိမ်နေကြောင်းသိရသည်။ ယခုပတ်တွင်နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊   နှမ်းဖြူ တစ်တင်းလျှင် (၁၁၄၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၆၅၀၀)ကျပ်၊ နှမ်းနက် (သ/ဟ) တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါကနှမ်းညို တစ်တင်းလျှင် (၆၀၀၀)ကျပ်၊  နှမ်းဖြူ တစ်တင်းလျှင် (၂၅၀၀)ကျပ် နှင့်နှမ်းနက် တစ်တင်းလျှင် (၇၀၀၀)ကျပ်ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်းသိရသည်။

         မုံရွာကုန်စည်ဒိုင်၏ ယခုပတ် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၉၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၇၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၀၀၀-၈၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၇၀၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီဈေး အနည်းငယ်မြင့်တက်နေကာ မြေပဲလုံးဆံဖြူ ဈေးငြိမ်နေကြောင်းသိ ရသည်။ ယခုပတ် ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ကျပ် ပေါက်ဈေးရှိပါသည်။

MT-Monywa

Category: Local News