Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

    ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ   နှမ်းဖြူ၊ နှမ်းညို၊ နှမ်းဝါဈေးများအနည်းငယ်ဈေးပြန်ကျဆင်းပြီး နှမ်းနက်၊မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၂၀၀၀-၁၀၈၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၈၀၀၀- ၁၁၆၀၀၀) ကျပ်ဖြစ်ကာ ယခင်လ ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၇၀၀၀-၁၀၈၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀ - ၁၁၀၀၀၀) ကျပ်ရှိ၍ ယခင်လ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလာကြောင်း သိရသည်။

   ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၀၅၀)ကျပ် မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၆၅၀) ကျပ်ရှိပြီး ယခင်လကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၉၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၅၅၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဖြူမှာ ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀-၁၂၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၃၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News