Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

      ဇွန်လဒုတိယအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀)ကျော် ဝင်ရောက် လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေး နှုန်းများမှာ လက်ကား(ကြီး) (၂၂၀၀-၂၀၀၀)ကျပ်၊ (လတ်) (၁၉၀၀-၁၈၀၀) ကျပ်၊ (သေး) (၁၅၀၀-၁၄၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်အသွေးအလိုက် ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၅၀၀- ၂၄၀၀)ကျပ်၊ (လတ်) (၂၃၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၈၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ (ဗမာ) (၈၀၀၀- ၉၀၀၀)ကျပ်၊ (ရှမ်းစ) (၆၅၀၀-၇၅၀၀)ကျပ်၊ ကြူကုတ် (၆၀၀၀-၇၀၀၀) ကျပ်ပေါက်ဈေးရှိပါသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ (ဗမာ)(၉၀၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၅၀၀-၈၀၀၀)ကျပ်၊ ကြူကုတ် (၇၀၀၀-၈၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးအလိုက် ဈေးနှုန်းများလည်းကွာခြားလျှက်ရှိပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။       

ဇေယျာကုန်သွယ်မှုဗဟိုဌာန

 

Category: Local News