Local News

ဩဂုတ်လအတွင်း တရုတ်နိုင်ငံတွင်ကျင်းပမည့် ကုန်စည် ပြပွဲနှစ်ခုသို့ မြန်မာလုပ်ငန်းရှင်များ ဝင်ရောက်ပြသရန် ဖိတ်ကြားခံရ

Last Updated:

          လာမည့် သြဂုတ်လတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန် - ပို့ကုန် ကုန်စည်ပြပွဲနှင့် (၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားခံရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန် - ပို့ကုန် ကုန်စည်ပြပွဲ (7th China – South Asia Exposition and 27th China (Kunming) Import & Export Fair ) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်မှ (၁၈) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ Online နှင့် Offline ပုံစံနှစ်မျိုးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

          ပြပွဲကျင်းပနေစဉ်ကာလအတွင်း ပြပွဲပြသသူများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ရာ ပြပွဲ၌ ပါဝင်ပြသခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ပြပွဲပြသသူများ၊ ဝယ်ယူသူများကိုလည်း ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ ပြပွဲတွင် ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@ myantrade. gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း အသိပေးထားသည်။

Source: Popular News Journal

Category: Local News