စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ မြေပဲစိုက်ပျိုးရန် လျာထားဧကမှာ ၃.၇သိန်းကျော် လျာထားပြီး ဩဂုတ်လ ဒုတိယအပတ်ထိ မြေပဲစိုက်ပျိုးသည့် ဧကပေါင်း ၃.၃သိန်းကျော် စိုက်ပျိုးပြီးစီး၍ အများဆုံးစိုက်ပျိုးသည့် ခရိုင်များမှာ ရေဦးခရိုင် ဧကပေါင်း၈.၂သောင်းကျော်၊ ရွှေဘိုခရိုင် ဧက၇.၅သောင်းခန့်၊ ကန့်ဘလူခရိုင် ဧက၆သောင်းခန့်၊ မုံရွာခရိုင် ဧက ၅.၅သောင်းခန့်၊ ယင်းမာပင်ခရိုင် ဧက၂.၇သောင်းကျော်၊ စစ်ကိုင်းခရိုင် ၂.၄သောင်းကျော်၊ ကလေးခရိုင် ဧက ၈ထောင်ကျော်၊ ကသာခရိုင် ဧက ၇၀၀ခန့်နှင့် ကောလင်းခရိုင် ၁၈ ဧကကျော် စိုက်ပျိုးပြီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
ဩဂုတ်လ ဒုတိယအပတ်တွင် မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော မြေပဲလုံးဆံဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၆၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၀၀၀ကျပ်နှုန်း အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ်ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၀၀ကျပ်နှင့် ဆီဆံ တစ်ပိဿာ ၃၀၀ကျပ်ခန့် ကျဆင်းသွားကြောင်းသိရပါသည်။ မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး