Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲလုံးဆံနီနှင့် မြေပဲဆီဆံဖြူ‌ဈေးများ ငြိမ်နေပြီး၊ နှမ်းညို၊ နှမ်းဝါ ဈေးနှုန်းများကျဆင်းနေကြောင်းသိရသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၅၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၁၀၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်ဖြစ်ကာယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၃၀၀၀၀ ) ကျပ်ရှိ၍ ယခင်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် (၄၅၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၄၅၀၀) ကျပ်နှုန်းကျဆင်းနေကြောင်းသိရသည်။

ဖေဖော်ဝါရီလဒုတိယပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၆၉၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်ရှိပြီး  ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀-၆၇၅၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်၊  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် (၁၅၀)ကျပ်နှုန်း အနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၉၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၇၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News