Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ တတိယပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲနီလုံးရိုးရိုး ဈေးငြိမ်၍  ပဲကြီး၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ 929၊ ပဲလွန်းဖြူး၊ ပဲလွန်းပြာဈေးနှုန်းများကျဆင်းနေပြီး၊ ပဲနီလုံးကြား၊ ပြောင်းနီ၊ပဲတီစိမ်းသေး၊ CP ပြောင်းဖူးစေ့ ၊ ကုလားပဲဖြူ လုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ကုလားပဲထိုင်ဝမ်ဈေးနှုန်းများ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀) ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၂၅၀၀၀)ကျပ်၊ မတ်ပဲ (၉၅၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀-၆၁၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၅၁၀၀၀- ၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၆၀၀၀) ကျပ်၊CP ပြောင်းဖူးစေ့ (၂၀၀၀၀)ကျပ်၊ ပြောင်းနီး (၂၅၅၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၁၀၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၁၀၂၀၀၀)ကျပ်၊ ကုလားပဲ 929 (၉၆၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၉၇၅၀၀)ကျပ်၊ ပဲလွန်းဖြူ (၅၅၀၀၀-၆၆၀၀၀)ကျပ်၊ ပဲလွန်းပြာ (၆၇၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၂၇၀၀၀) ကျပ်၊ မတ်ပဲ (၉၅၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၃၀၀၀-၅၉၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၉၅၀၀- ၅၁၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၁၂၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀- ၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀) ကျပ်၊CP ပြောင်းဖူးစေ့ (၁၉၅၀၀)ကျပ်၊ ပြောင်းနီး (၂၅၀၀၀) ကျပ်၊ ကုလားဖြူ လုံးကြီး (၉၉၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၉၀၀၀) ကျပ်၊ ကုလားပဲ 929 (၉၇၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၉၆၅၀၀) ကျပ်၊ ပဲလွန်းပြာ (၆၇၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၅၅၀၀၀-၆၅၀၀၀) ကျပ် ပေါက်ဈေးရှိ၍ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ် ၊မတ်ပဲ တစ်တင်းလျှင် (၅၀၀)ကျပ်၊ပဲစဉ်းငုံ တစ်တင်း (၄၀၀၀)ကျပ်၊ကုလားပဲ  929 (၁၀၀၀)ကျပ်၊ပဲလွန်းဖြူ တစ်တင်း (၁၀၀၀)ကျပ်၊ပဲလွန်းပြာ တစ်တင်း (၁၀၀၀)ကျပ်နှုန်းကျဆင်း၍ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ် ၊ပဲနီလုံးကြား တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၅၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်းလျှင်း (၃၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း (၁၀၀၀)ကျပ်နှုန်း  မြင့်တက်နေကြောင်းသိရသည်။

Category: Local News