Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

        မေလတတိယပတ် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ ဈေးငြိမ်၍ နှမ်းညို၊ နှမ်းနက် မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် နှမ်းညို တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၀၂၀၀၀-၁၀၀၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက် ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀) ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းဖြူ ဈေးငြိမ်နေပြီး နှမ်းနက်နှင့် နှမ်းညိုဈေးနှုန်းများ မြင့်တက်သွားကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၇၅၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၉၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၅၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ ၊မြေပဲလုံးဆံဖြူ အနည်းငယ် မြှင့်တက်နေကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၀၅၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News