Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

      မေလတတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာနှမ်းဖြူ ဈေးငြိမ်၍ နှမ်းနက်၊ နှမ်းညို၊ မြေပဲလုံးဆံနီ/ ဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ)တစ်တင်းလျှင် (၁၀၂၀၀၀ -၁၀၀၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၅၀၀၀-၈၅၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းဖြူဈေးငြိမ်နေပြီး နှမ်းညိုနှင့် နှမ်းနက်ဈေးနှုးန်များ မြင့်တက်သွား ကြောင်း သိရသည်။

         ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၅၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၉၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၅၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ/ ဖြူဈေးနှုန်းများ အနည်ငယ်မြင့်တက်နေ ကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၀၅၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                                                                       ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News