ဒီဇင်ဘာလ တတိယအပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊နှမ်းဖြူ၊မြေပဲလုံးဆံဖြူ၊မြေပဲလုံးဆံနီနှင့် မြေပဲဆီဆံဖြူဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။
ယခုအပတ်တွင် နှမ်းနက် တစ်တင်း ၁၉၀၀၀၀ကျပ်မှ၂၃၅၀၀၀ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၈၅၀၀၀ကျပ်မှ၉၃၀၀၀ကျပ်ထိ ရှိပြီး ယခင်လကာလတူပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၂၀၀၀၀၀-၂၂၅၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၇၅၀၀၀-၈၅၀၀၀ကျပ်ရှိပြီး ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၂၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၀၀၀ကျပ်ခန့် ဈေးလျော့လာ ကြောင်းသိရသည်။ ယခင်အပတ်ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၁၉၀၀၀၀-၂၃၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၉၇၀၀၀ကျပ်ရှိပြီး ကာလတူအချိန်ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်း ၄၀၀၀ကျပ်ခန့် မြင့်တက်ကာ နှမ်းနက်မှာ ဈေးနှုန်းငြိမ်နေကြောင်းသိရပါသည်။
ယခုအပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၈၀၀မှ၉၀၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၈၀၀မှ၉၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၄၀၀မှ၈၅၀၀ကျပ်ထိရှိပြီး ယခင်အပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ် ပိဿာ ၈၇၀၀မှ၈၉၀၀ကျပ်ထိ၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၃၀၀ ကျပ်ရှိ၍ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူ တစ်ပိဿာ ၅၀၀ ကျပ်နှင့် မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၀၀ ကျပ်နှုန်းမြင့် တက်လာကြောင်းသိရသည်။ ယခင်လကာလတူအချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၄၀၀-၈၆၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၁၀၀ ကျပ်ရှိပြီး ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၄၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၄၀၀ ကျပ် မြင့်တက်လာကြောင်း သိရပါသည်။ထိုသို့ မြေပဲလုံးဆန်ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ရန်ကုန်ဝယ်လက်များနှင့် ဆီစက်လုပ်ငန်းများမှ အဝယ်လိုက်ခြင်းတို့ကြောင့် ဈေးတက်လာကြောင်းသိရပါသည်။
ဒီဇင်ဘာလ တတိယအပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၀၅၀၀ ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၇၀၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၅၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၆၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး