Local News

ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Last Updated:

ဒီဇင်ဘာလ ပထမအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပွဲရုံများသို့ စားဖိုဆောင် သီးနှံဖြစ်သော ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၉၀၀၀ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများတွင် ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်း ကြက်သွန်ကြော်လုပ်ငန်းများ၊ အကြော်ဖိုများ၊ ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြို့နယ်များသို့ တင်ပို့နေကြောင်း သိရပါသည်။

          ယခုတစ်ပတ်အတွင်း မုံရွာကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာသော ကြက်သွန်နီ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ လက်ကားဈေးနှုန်း (ကြီး) ၈၀၀ ကျပ်မှ ၉၀၀ ကျပ်ထိ၊ (လတ်) ၇၀၀ ကျပ်မှ ၆၀၀ ကျပ်၊ (သေး) ၅၀၀ ကျပ်နှင့် လက်လီဈေးနှုန်း (ကြီး) ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ၊ (လတ်) ၇၀၀ ကျပ်မှ ၈၀၀ ကျပ်၊ (သေး) ၅၀၀ ကျပ်ပေါက်ဈေးရှိပါသည်။ ကြက်သွန်နီ အလုံးအရွယ်အစားနှင့် အစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက် ဈေးနှုန်းမှာ ဗမာဖြူ ၈၅၀၀ ကျပ်မှ ၉၅၀၀ ကျပ်ထိ၊ ရှမ်းဖြူ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိ၊ ကြူကုတ်ဖြူ ၁၄၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိစသည်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာ ကြက်သွန်နီပွဲရုံများမှသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News